Eain Mat Chit Thu - ၀တ္ထုတိုလေးတွေ


ံ့ပုံပြင်(၁)
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့
သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေ ကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။
ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက
အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ်။ တစ်ယောက်ရဲ့
အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး
ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း
လှပနိုင်ပါတယ်။

ပုံပြင်(၂)
တစ်ခါက မြို့ငယ်လေးတစ်ခုမှာ အတန်အသင့် ချမ်းသာတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ သူတို့မှာ သားသမီးမထွန်းကားသေးဘူး။ တစ်နေ့တော့ ယောက်ျားဖြစ်သူက-
" မိန်းမရေ ကိုယ်တို့ ကလေးယူမှ ဖြစ်တော့မယ်။ ဒါမှ ကိုယ်တို့နှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဉ် ပိုခိုင်မြဲလာမှာ "
" အင်း ဟုတ်တယ်နော်။ ကျွန်မတို့ ကလေးမယူဘဲနေလာတာ တစ်နှစ်ကျော်နေပြီပဲ။ ဒါဆို ယူမယ်လေ။ "
" ကိုက သားလေး လိုချင်တာ။ ကို့ကို သားလေးမွေးပေးနော်။ "
" သြော်..ကိုကလည်း သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် ကို့သားသမီးပဲဟာကိုး "
" အာ..မရဘူးကွာ။ ကိုက သားပဲ လိုချင်တာ။ သမီးမလိုချင်ဘူး "
" ဒါဆိုလည်း ပြီးရော။ သားလေးမွေးပေးမယ်နော်။ "
" အင်း။ အဲဒါမို့ ချစ်ရတာ။ "
ဒီလိုနဲ့ အချိန်တွေ ကြာလာလိုက်တာ။ တဖြည်းဖြည်းနဲ့ မွေးဖွားချိန်ကို ရောက်လာတယ်။ ယောက်ျားဖြစ်သူက ရင်ခုန်စွာနဲ့ မွေးခန်းအပြင်မှာ စောင့်နေတာပေါ့။ မိန်းမကတော့ မွေးခန်းထဲမှာ အသက်လုနေရတယ်။
ခဏကြာတော့ ဆရာဝန်ထွက်လာပြီး-
" ၀မ်းသာပါတယ်ဗျာ။ အားလုံး အဆင်ပြေသွားပါပြီ။ လူကြီးရော၊ ကလေးပါ နေကောင်းကြပါတယ်။ "
" ဟာ..ဟုတ်လား ဆရာ။ ဒါနဲ့ ကျွန်တော့် ကလေးက ယောက်ျားလေးလား။ မိန်းကလေးလား။ "
" သြော်..မိန်းကလေးပါ။ ၀၀ဖြိုးဖြိုးလေးပဲ။ ချစ်စရာလေးပါ။ "
" ဗျာ...ဟုတ်ကဲ့။ "
ယောက်ျားဖြစ်သူခမျာ စိတ်အားငယ်သွားတာပေါ့။ သူက ယောက်ျားလေးလိုချင်တဲ့ သူကိုး။ ဒီလိုနဲ့ ကလေး(၃)လလောက်လည်း ကြာတော့-
" မိန်းမ မင်းကိုငါ အကြိမ်ကြိမ်ပြောထားရက်နဲ့ ဘာလို့ ငါကို သားလေးမွေးမပေးတာလဲ။ "
" ယောက်ျားကလည်း သားသမီးဆိုတာ ရွေးချယ်ခွင့်မှ မရှိတာ။ ဘုရားကပေးတဲ့အတိုင်း ဖြစ်လာတာပဲကိုး။ "
" ဟ..ဒါဆိုလည်း စောစောကတည်းက အဲဒီလိုပြောပါ့လား။ ငါ့မှာ စိတ်ကူးတွေ ယဉ်လိုက်ရတာ။ အခုတော့..တောက်! "
ဒီလိုနဲ့ နှစ်တွေ ကြာလာလိုက်တာ သမီးလေး(၁၀)နှစ်အရွယ် ရောက်တဲ့ အထိ ဒီပြသာနာတွေက မပြီးသေးဘူး။ ဒီလိုနဲ့ တစ်နေ့မှာ-
" မင်းကိုငါပြောပြီးသားပဲ။ ငါ သားကိုပဲ ချစ်တယ်။ သမီးကို မချစ်နိုင်ဘူး။ "
" အို..ရှင်ကလည်း။ အခုထိ အဲဒီစိတ်ကြီးက စွဲနေတုန်းပဲလား။ အားလုံးကို မေ့လိုက်ပြီး ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင်နေရအောင်နော်။ "
" ဘာ! မင်းက ပျော်ပျော်ရွှင်ရွှင်နေဦးမယ်။ လုံးဝ မနေနိုင်ဘူး။ "
" တော်ပါတော့ရှင်။ တော်ကြာ ကလေးကြားသွားဦးမယ်။ ရှင့်ကို ဘယ်လိုမှ ပြောလို့ရမှာ မဟုတ်တော့ဘူး။ "
" အေး..အဲဒီလို ပြောမရအောင် လုပ်ခဲ့တာလည်း မင်းပဲလုပ်ခဲ့တာလေ။
အခု ငါမင်းကို တော်တော်လေးကို စိတ်ပျက်နေပြီ။ "
" ဒါဆို ရှင်က ဘာဖြစ်ချင်တာလဲ။ ဘာလဲ ကွာချင်နေတာလား။ "
" ဟုတ်တယ်။ ငါ မင်းကို ကွာတော့မယ်။ အခုပဲ ကွာမယ်။ မင်းသမီးကို မင်းခေါ်သွားတော့။ ငါ မင်းတို့ကို မမြင်ချင်တော့ဘူး။ "
ဒီလိုနဲ့ပဲ ဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းကနေ အိမ်ထောင်ရေး ပြိုကွဲရတဲ့အထိ ဖြစ်သွားခဲ့တာလေ။ တကယ်တန်းတော့ မိန်းမကလည်း မဖြစ်နိုင်ရင် မဖြစ်နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း မပြောလို့ဖြစ်တာ။ ယောက်ျားကလည်း တစ်ယူသန် အစွဲနဲ့။ နောက်ဆုံး စကားများတော့ မိန်းမက ဒေါသထွက်ပြီး ပြောမိပြောရာ ပြောလိုက်တာ။ ယောက်ျားကလည်း မခံချင်ပဲ ပြန်ပြောလိုက်ရာက ဖြစ်သွားတာပါပဲ။
တကယ်တော့ အိမ်ထောင်တစ်ခု စတင်တည်ဆောက်ပြီ ဆိုရင် လင်ရော၊ မယားရော နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်း ရှိရမယ်။ ပြီးတော့ တစ်ယူသန်( ဖြစ်ကို ဖြစ်ရမယ် )စိတ်မထားသင့်ဘူး။ ပြီးတော့ ဒေါသထွက်မလွယ်ရဘူး။ မခံချင်စိတ် မမွေးရဘူး။ သည်းခံသင့်တယ်ဆိုတဲ့ အကြောင်းကို ရေးထားတာပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပုံပြင်(၃)
 ယောက်ျားများကို အန်စေသော မိန်းမ

၁. အစာစားလျှင် ပလပ်ပလပ်မြည်အောင် စားတတ်သော မိန်းမ
၂. ဆံပင် ရှုပ်ပွပြီး လက်သည်းများ မည်းညစ်နေသော မိန်းမ
၃. ရင့်ကျက်သယောင် ဟန်ဆောင်ပြီး ဆရာလုပ်တတ်သော မိန်းမ
၎. အသားအရည် ကြမ်းတမ်းသော မိန်းမ
၅. အခြယ်သလွန်ပြီး ခေတ်ရှေ့ပြေးသော မိန်းမ
၆. အထဲကို ဖောက်ထွင်း မြင်နိုင်လောက်အောင် အပြင်အင်္ကျီပါးပါး ၀တ်တတ်သော မိန်းမ
၇. လမ်းလျောက်လျှင် တစ်ဖပ်ဖပ် မြည်အောင်လျောက်သော မိန်းမ
၈. အသံထွက်အောင် လေချဉ်တက်ပြီး နှာခေါင်းပေါက်နှိက်တတ်သော မိန်းမ
၉. တစ်ပျစ်တောက်တောက် ရွတ်တတ်ပြီး ဖြတ်ထိုးဥာဏ်နည်းသော မိန်းမ
၁၀. မျက်စိကို ဓာတ်လွှတ်နေသကဲ့သို့ ညှိ့ကစားတတ်သော မိန်းမ
၁၁. မျက်ရည်အကျလွယ်ပြီး အငိုသန်သော မိန်းမ
၁၂. အိမ်ထောင်ကျပြီးသော်လည်း လျှပ်ပေါ်လော်လီနေတတ်သော မိန်းမ
၁၃. အသုံးအဖြုန်းကြီးသော မိန်းမ
၁၄. ခြေသလုံး တုတ်ပြီး စကပ်တို ၀တ်တတ်သော မိန်းမ
၁၅. သဘောထား သေးသိမ်သော မိန်းမ
၁၆. သရေစာ မစားဘူး ၊ ဒိုင်ယာရီ မရေးဖူးဘူးဟုဆိုသော မိန်းမ
၁၇. မိတ်ကပ်မလိမ်းတတ်ဘဲ လိမ်းထားသော မိန်းမ
၁၈. ပေါ့ပေါ့တန်တန် နေတတ်သော မိန်းမ
၁၉. ဟာသဥာဏ် မရှိသော မိန်းမ
၂၀. မြူဆွယ်တတ်သော မိန်းမ
၂၁. သူငယ်ချင်း ချစ်သူရီးစားကို ထမင်းမဖိတ်ကျွေး လက်ဆောင်မပေးဖူးသော မိန်းမ
၂၂. အပြောအဆို မတတ်သော မိန်းမ
၂၃. ယောက်ျားအများကို တုံးအတဲ့ တဏှရူးတွေဟု ထင်သော မိန်းမ
၂၄. လူအများရှေ့တွင် ခြေအိတ်ကောက်စွပ်တတ်သော မိန်းမ
၂၅. အချိန်းအတွေ့ ခံချင်ပြီး ချိန်းတွေ့ရင် ပျက်ကွက်တတ်သော မိန်းမ
၂၆. ရုပ်ဆိုးပြီး စိတ်ပါပုပ်သော မိန်းမ
၂၇. လိုအပ်သည်ထက် အ၀လွန်သော မိန်းမ


ပုံပြင်(၄)

မိန်းမများကို အန်စေသော ယောက်ျား


၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား
၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား
၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား
၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား
၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား
၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား
၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား
၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား
၉. အာပုပ်စော်နံသော ယောက်ျား
၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား
၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား
၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား
၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား
၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား
၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား
၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား
၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား
၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား
၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား
၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား
၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား
၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား
၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား
၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား
၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား
၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား
၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား
၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား
၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား
၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီ (sexy)လုပ်ချင်သော ယောက်ျား
၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား
၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား






Today, there have been 6 visitors (17 hits) on this page!

ကျွန်တော် ဒီ page လေးကို ရေးသားရတာကတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်ချစ်သူအတွက် အမှတ်တရဆိုပြီး ရေးထားတာပါ။ အရေးအသား၊ အမှားအယွင်းများ ပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါ။ ဝေဖန်ချက်များအား ကြိုဆိုလျက်ပါ သူငယ်ချင်းတို့ရေ...

,
   

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free