|
|
| |
|
| |
Eain Mat Chit Thu - အမှာစကားတွေပါ
|
|
(၁) မိမိချစ်သူအပေါ် သစ္စာရှိရှိနဲ့ ချစ်ဖို့က အရေးအကြီးဆုံးပါ။
(၂) မိမိချစ်သူကို ကတိတစ်ခုပေးထားခဲ့ရင် အဲဒီကတိတည်နိုင်အောင် ကြိုးစားပါ။
(၃) ပေးဆပ်ခြင်း၊ နားလည်ခြင်းနဲ့ အနစ်နာခံ ချစ်ပါ။
(၄) ချစ်သူမှာ အပြစ်ရှိရင် အတတ်နိုင်ဆုံး ခွင့်လွှတ်ပေးလိုက်ပါ။
(၅) ချစ်သူနဲ့ တွေ့တိုင်း `ချစ်တယ်´ ဆိုတဲ့ စကားလေးအနည်းဆုံး တစ်ကြိမ် ပြောပါ။
(၆) ချစ်သူစဖြစ်တဲ့နေ့ကို သတိတရနဲ့ မှတ်ထားပါ။
(၇) ချစ်သူဖြစ်တာ ၁ လပြည့်၊ ၁ နှစ်ပြည့်နေ့များတွင် အမှတ်တရလက်ဆောင်ပေးပါ။ ဒါမှမဟုတ် အမှတ်တရ ဖြစ်အောင် တစ်ခုခု ပြုလုပ်ပါ။
(၈) ချစ်သူက မကြိုက်သည့် အပြုအမူများ၊အနေအထိုင်များကို ရှောင်ကြဉ်ပါ။
(၉) ချစ်သူက စိတ်ကောက်နေရင် ရယ်စရာလေးတွေပြောပြီး ပြန်ချော့ပါ။
(၁၀) ချစ်သူကို မိမိဘယ်လောက်ထိ မြတ်နိုးကြောင်း အမြဲပြောပေးပါ။
(၁၁) ချစ်သူသွားချင်တဲ့ နေရာကို လိုက်ပို့ပေးပါ။
(၁၂) ချစ်သူ ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေကို လက်ဆောင်ပေးပါ။
|
|
Today, there have been 15 visitors (130 hits) on this page!
|
|
|
ကျွန်တော် ဒီ page လေးကို ရေးသားရတာကတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်ချစ်သူအတွက် အမှတ်တရဆိုပြီး ရေးထားတာပါ။ အရေးအသား၊ အမှားအယွင်းများ ပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါ။ ဝေဖန်ချက်များအား ကြိုဆိုလျက်ပါ သူငယ်ချင်းတို့ရေ...
,
|
|