Eain Mat Chit Thu - မှတ်စုလေးတွေပါ


 (၁) ငါမင်းကို အရမ်းလွမ်းတယ် ချစ်သူ။ ငါ့ဘေးနားမှာ လူတွေအများကြီးပဲရှိတယ်။ ဒါပေမဲ့ ငါဟာ အထီးကျန်နေဆဲပဲ ချစ်သူ။ မင်းရဲ့ နှုတ်ခမ်း၊ မင်းရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို လွမ်းနေမိတယ် ချစ်သူ။ တစ်နေ့ထက် တစ်နေ့ မင်းကိုပိုပြီးလွမ်းနေမိတယ် ချစ်သူ...

(၂) တစ်ချိန်ချိန်မှာ ချစ်သူက မချစ်နိုင်တော့ဘူးဆိုရင် နောက်ဆုတ်ပေးနိုင်ပါ့မလား။ ငါကတော့ နောက်ဆုတ်ပေးလိုက်မယ်။ မချစ်လို့တော့ မဟုတ်ဘူး။ ချစ်လွန်းလို့ မင်းကို စိတ်ညစ်အောင် မလုပ်ချင်လို့ပါ ချစ်သူ...

(၃) မင်းရဲ့ နှလုံးသားဟာ အကျဉ်းထောင်ဆိုခဲ့ရင် ငါ့နှလုံးသားကို တစ်သက်တစ်ကျွန်း အကျခံလိုက်မယ်...

(၄) တစ်နေ့မှာ မင်းငါ့ကိုမေးလိမ့်မယ်။ မင်းနဲ့ ငါ့ဘ၀ ဘယ်ဟာပိုအရေးကြီးလဲလို့။ ငါဖြေမှာက ငါ့ဘ၀က ပိုအရေးကြီးတယ်လို့။ အဲဒီအခါကျရင် မင်းဟာ ငါ့ဘ၀ပဲဆိုတာကို နားမလည်ဘဲ ငါ့ဘေးနားက ထွက်ခွာသွားလိမ့်မယ်...

(၅) The shortest word for me is " I ",
      The sweetest word for me is " Love ",
      The only word for me is " You ".

(၆) မင်းဟာ ငါ့ရဲ့နေ့ခင်းမှာ နေမင်းပါ။ မင်းဟာ ငါ့ရဲ့ ကောင်းကင်က လေပြေညှင်းပါ။ မင်းဟာ ငါ့ရဲ့ သမုဒ္ဒရာမှာ ရေလှိုင်းပါ။ မင်းဟာ ငါ့နှလုံးသာရဲ့ စည်းချက်သံပါ ချစ်သူ...

(၇) လူတိုင်းလူတိုင်းဟာ သူတို့ချစ်သူတွေ အတွက်ဆိုရင် သူရဲကောင်းပဲ။ ငါလည်း မင်းရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာလေ။

(၈) A B C D E F G H I J K L M N O P Q R S T V W X Y Z. 
     Oaps!! I Miss "U".

(၉) မင်းကို ငါ့ထက် ပိုချစ်နိုင်မယ့်သူရှိရင် အချိန်မရွေး စွန့်ခွာသွားနိုင်ပါတယ် ချစ်သူ။

(၁၀) ငါနဲ့ မင်းက မိုင်ပေါင်းရာချီကွာဝေးနေပေမယ့် တစ်နေ့မှာ နီးစပ်ခဲ့ကြတာပဲ။ နဂိုအတိုင်း ပြန်လည်ဝေးကွာသွားရင် ငါရော မင်းရော ခံနိုင်ရည် ရှိကြမှာ မဟုတ်ဘူး။ အဲဒီတော့ ဘာလုပ်သင့်လဲ ချစ်သူ။

(၁၁) ငါနဲ့မင်း ဘ၀တစ်ခုကိုတည်ဆောက်တော့မယ်ဆိုရင် အချစ်တစ်ခုတည်းနဲ့တော့ ပျော်ရွင်တဲ့ဘ၀တစ်ခုကို မတည်ဆောက်နိုင်ဘူးလို့ ငါထင်တယ်။ ငွေနဲ့ အလုပ်အကိုင်ဆိုတာ ဘ၀ကိုအဓိကတည့်မတ်ပေးတယ်ဆိုတာကို မင်းနားလည်ပေးပါချစ်သူ။

(၁၂) ငါမှာ ပညာလည်း မပြည့်စုံပါဘူး။ ငွေကြေးလည်း မပြည့်စုံဘူး။ အရာရာတိုင်း မပြည့်စုံပါဘူးချစ်သူ။ ငါ့မှာ ချမ်းသာတာဆိုလို့ မင်းကိုချစ်တဲ့ အချစ်တွေပဲရှိတယ်။

(၁၃) ငါဟာ အရာရာမှာ ပထမဆုံးလုပ်ရမှ ကျေနပ်တဲ့ကောင်လေးပါ။ ဒါပေမဲ့ မင်းနဲ့ ချစ်ခဲ့မိတော့မှ ဒုတိယတို့၊ တတိယတို့ကို ငါလက်ခံနိုင်ခဲ့တယ်။ ဘာကြောင့် ငါဟာ မင်းနဲ့ကျမှ ရှုံးနိမ့်ခဲ့ရတာလဲ။ အဲဒီမေးခွန်းကို ငါဘယ်တော့မှလည်း ဖြေနိုင်မှာ မဟုတ်တော့ဘူ။

(၁၄) အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း၊ ငါတို့စိတ်တွေ မပြောင်းလဲဖို့ အရေးကြီးတယ် ချစ်သူ။ ဘယ်သူတွေ ဘာပဲပြောပြော၊ ငါတို့တွေ စိတ်ဝမ်းမကွဲဖို့ လိုတယ်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ၊ မင်းကို ငါအမြဲချစ်နေတယ်။

(၁၅) မင်းငါ့ကို ဆိုးပါ၊ နွဲ့ပါ၊ စိတ်ကောက်ပါ၊ သ၀န်တိုပါ၊ ရိုက်ပါ၊ မင်းဘာလုပ်လုပ် ငါလိုက်လျောမှာပါ်၊ ဒါပေမယ့် ငါ့အတွက်တော့ မင်းရဲ့ မျက်ရည်တွေကို သုံးမပစ်ပါနဲ့။ ငါက ငိုတာကို အရမ်းမုန်းတယ်။ ဒါပေမယ့် မင်းငိုရင်တော့ ပိုခံစားရလို့ပါ ချစ်သူ။

(၁၆) မင်းကို ငါဘာကြောင့် ချစ်ခဲ့သလဲလို့ မေးလိုက်ရင် ငါဖြေရတာ ခက်တယ် ချစ်သူ။ ဘာကြောင့်လဲ ဆိုတော့ မင်းကို အကြောင်းပြချက်မရှိ ချစ်ခဲ့မိတာကိုး။

(၁၇) ညမီးအိမ်က ပြောဘူးတယ်။ အချစ်ဆိုတာ ပေးဆပ်မှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတို့နဲ့ ပေါင်းစပ်ထားတာတဲ့။

(၁၈) လွမ်းအောင်တော့ မထားခဲ့ပါနဲ့ကွာ။ မင်းအတွက်ဆိုရင် စေညွန်းရာ ပျံဝဲမဲ့ လိပ်ပြာလေးပါ။

(၁၉) မောင်နှမကြားမှာ ရှိတဲ့သံယောဇဉ်၊ သူငယ်ချင်းကြားမှာ ထားတဲ့သံယောဇဉ်၊ ချစ်သူကြားမှာ ရှိတဲ့သံယောဇဉ်နဲ့ မင်းကိုချစ်နေတာပါ။ အသဲနှစ်လွှာကြားမှာ မင်းတစ်ယောက်ပဲ ထားပါတယ်ချစ်သူ။

(၂၀) ခမ်းနားခြင်းတွေ ကင်းမဲ့....နွေးထွေးတဲ့ လက်အစုံကို ခပ်ရဲရဲ ဆုပ်ကိုင်လာတော့ အားအင်တွေ ရှိလာလိုက်တာ။ အရိုးသားဆုံးနဲ့ လမ်းတွေ အတူတူလျှောက်ကြမယ်လို့ ဆိုခဲ့တဲ့ စကားတခွန်းမှာ.... နှလုံးသားတွေ ငိုင်ကျသွားလောက်အောင် မေတ္တာသက်ဝင်တယ်။

(၂၁) ကမ္ဘာမှာ  ကျော်ကြားခဲ့ကြတဲ့ အချစ်သူရဲကောင်းတွေကို ငါလေးစားတယ် ။ ဂုဏ်ရောင် အရှိန်အ၀ါ  လင်းလက်တောက်ပခြင်း ကင်းစွာနဲ့ ချစ်သူကို ချစ်နိင်ခဲ့ကြတဲ့အပြင် သူတို့ ချစ်ခြင်းတွေဟာ မငြိမ်းသော ဆီမီးတွေလို အမြဲတမ်း  ထွန်းတောက်နေခဲ့တယ်။

(၂၂) ကြယ်တွေစုံညီလင်းလက်တဲ့ ညလေးတစ်ညမှာ အချစ်ဆိုတာ စတင်မွေးဖွားခဲ့တယ်။ ဖြူစင်တဲ့ ရင်ခုန်ခြင်းတွေကို စတင်အခြေခံလို့ပေါ့။ ခိုင်မြဲတဲ့မေတ္တာတွေနဲ့ တည်ဆောက်ထားလို့  နတ်စည်းစိမ်နဲ့တောင် မလဲပစ်နိုင်ပါဘူး။ အဲဒီအချစ်တွေက  သလင်းကျောက်လို အေးမြကြည်လင်တဲ့ ကြည်နူးမှု့တွေပါပေးတယ်။ ဒါကြောင့် ရမ္မက်မီးလို ပူလောင်ခြင်းကင်းတယ်ဆိုတာ အသေအချာ ပြောရဲတယ်။

(၂၃) အချစ်ရာသီ  စက်ဝိုင်းအောက်မှာ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။  ရိသဲ့သဲ့ စကားလေးတွေနဲ့ စတင်စုံစည်းခဲ့ကြလို့ မတည့်အတူနေလေးတွေပေါ့။ `ကို´လို့ခေါ်ရင် တဟေဟေနဲ့ မကြားချင်ယောင်ဆောင်တတ်တဲ့သူ့ကို အမြဲစိတ်ဆိုးရတယ်။ ဒါပေမဲ့ မာန်မာန ကင်းစင်တဲ့ သူ့မျက်နှာ မြင်နေရတော့ စိတ်မဆိုးရက်ပြန်ဘူး။ အခက်အခဲတွေကို ကျော်လွှားပြီး အသည်းနင့်အောင် ချစ်ခဲ့ရလို့ `ချစ်လေး´လို့ ခေါ်လိုက်တိုင်း စိတ်ဆိုးပြေခဲ့ရတာကြီးပဲ။


(၂၄) မင်းကို ချစ်မိလို့ ကို့ ရင်ခွင်မှာ တစိမ့်စိမ့်နာကျင်နေမယ်ဆိုရင်တောင် အဲဒီ ဒဏ်ရာကို ကိုသေတဲ့ အထိ မြတ်မြတ်နိုးနိုးနဲ့ ခံယူသွားမှာပါ။

(၂၅) အချစ်ဆိုတာ အနုပညာတစ်မျိုး၊ ခွင့်လွှတ်ခြင်းက အချစ်ရဲ့ကျောရိုး။

(၂၆) အချစ်ဆိုတာ ချစ်နေဖို့ သက်သက်ပါ။ ချစ်နေရင်ပဲ အချစ်ဟာ လုံလောက်ပါတယ်။

(၂၇) အချစ်မရှိတဲ့ သူဟာ မချစ်ဘူးသေးလို့ပါ။

(၂၈) အချစ်နဲ့ ရမ္မက်ဆိုတာ တခြားစီပါပဲ။ အချစ်ဆိုတာက ပေးဆပ်ခြင်း၊ ရမ္မက်ဆိုတာက လိုအပ်ခြင်း။

(၂၉) လူတိုင်းမှာ ရည်မှန်းချက်တစ်ခုစီ အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ငါ့ရည်မှန်းချက်တိုင်းမှာ မင်းအတွက် စဉ်းစားပေးတာတွေ အများကြီးပါတယ်။

(၃၀) အခြေအနေ တစ်ခုရောက်ဖို့ နှစ်ယောက်အတူတူ ကြိုးစားရင် ပိုမမြန်နိုင်ဘူးလား။

(၃၁) နှင်းဆီပန်းတိုင်း ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင် သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကိုပဲ သင်ယူပါ။ လူတိုင်းမှာလည်း မာနကိုယ်စီ ရှိကြပါတယ်။ သည်းမခံနိုင်တဲ့ စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောပါနဲ့။

 

Today, there have been 2 visitors (6 hits) on this page!

ကျွန်တော် ဒီ page လေးကို ရေးသားရတာကတော့ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ကျွန်တော်ချစ်သူအတွက် အမှတ်တရဆိုပြီး ရေးထားတာပါ။ အရေးအသား၊ အမှားအယွင်းများ ပါခဲ့ရင်လည်း သည်းခံခွင့်လွှတ်ပေးကြပါ။ ဝေဖန်ချက်များအား ကြိုဆိုလျက်ပါ သူငယ်ချင်းတို့ရေ...

,
   

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free